Monday, September 5, 2016

Legend (2015) မြန်မာစာတန်းထိုး







2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ
IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်…Brian Helgeland ရိုက်ကူးတင်ဆက်ပြီး
ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ်
ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်
1960 ၀န်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇ၀တ်မှုသမိုင်းက
အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်…သဘောကျမိတဲ့
ဇာတ်ကားလေးဖြစ်သလို ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ်
လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါ
                     
                                     Download and Watch here 

Monday, August 29, 2016

The Conjuring 2

တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သားသမီး ၄ ယောက် ပြောင်းရွှေ့လာတဲ့ အိမ်မှာ ကြောက်စရာ ဖြစ်ရပ်တွေ စတင်လာခဲ့ပြီး လူတွေနဲ့ မီဒီယာတွေ အာရုံစိုက်မှု ရလာတဲ့အခါ ဘုရားကျောင်းရဲ့ အကူအညီတောင်းမှုအရ ၀ါရမ် လင်မယား လာရောက်စုံစမ်းရတာပါပဲ။ ဒီအမှုကိုတော့ သူတို့လင်မယားလိုက်ခဲ့တဲ့ အမှုတွေထဲက ကြောက်စရာ အဆိုးရွားဆုံးတွေထဲက တစ်ခုလို့ အပြင်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မထင်မှတ်တဲ့ လှည့်ကွက်တစ်ခုနဲ့ တန်ဆာဆင်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။                                                                    
                                       Download and Watch Here

Sunday, August 28, 2016

Rango 2011 ( မြန်မာစာတန်းထိုး )



Rango ဆိုတာက ပုတ်သင်လေးတစ်ကောင်ရဲ့နာမည်ပေါ့..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ မဟုတ်တာ ပါးစပ်က တော်ကီ ကောင်းတဲ့ကောင် ဆိုတော့ မြို့ခံလူတွေဆီက အထင်ကြီး ယုံကြည်မှုကို ယူနိုင်ခဲ့တယ် …။ သူတို့ မြို့လေးကို အဓိက ရန်ရှာနေတဲ့ ငှက်ကြီးကိုလည်း Rango က လွဲချော်မှုတွေနဲ့ ရှင်းပစ်လိုက်နိုင်လေတော့ ပိုလို့ အထင်ကြီးခံရတယ် …။ မြို့လေးထဲက လူတွေက သူ့ကို သူရဲကောင်း အဖြစ်သတ်မှတ်လိုက်ပြီး … သူတို့ မြို့ရဲ့ ဒုက္ခတွေကို ကယ်တင်နိုင်မယ့် သူအဖြစ် ကိုးစားလာကြတယ်ပေါ့ဗျာ …တကယ်တမ်း တော့ Rango ဟာ သူရချင်တဲ့ သူရဲကောင်း အမည်ရလာပေမယ့် သူရဲကောင်း ဖြစ်အောင် ကြိုးစားရာမှာတော့ ပြသနာတွေ အများကြီး ကြုံလာရပါတယ် …။သူရဲကောင်းဆောင်နေတဲ့ Rangoတစ်ယောက် မြို့ကလူတွေ သိသွားတဲ့အခါ ဘယ်လို ပြသနာတွေ ကြုံတွေ့ရမှာလဲ၊သူရဲကောင်းဆိုတာ ဘယ်လို အဓိပ္ဗယ်ဆိုတာရော နားလည်သွားနိုင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ထပ် ကြည့်သင့်တဲ့အချက်တစ်ခုကတော့ ဒီ Rangoဆိုတဲ့ ပုတ်သင်ညိုကို Johnny Deepရဲ့ လှူပ်ရှားပုံကို အခြေံပြီးရိုက်ထားတာမို့ ကြည့်ကောင်းမှာ သေချာပါတယ်။ IMDB rating 7.3အထိ ရထားတဲ့ ဒီကားက Animation ပရိသတ်တွေအတွက် စိတ်ကျေနပ်မှူ ရစေမည်                                                                                                                                                Download and Watch Here

Thursday, August 25, 2016

Ratchet & Clank (2016)

 Aimation ဇာတ်ကောင်လေးတွေကိုမှ ကြိုက်နှစ်သက်တတ်သူတွေအတွက် ၂၀၁၆ ခုနှစ်ဇာတ်ကားသစ်ဖြစ်တဲ့ Ratchet & Clank ဆိုတဲ့ ဂြိုလ်သားတွေနဲ့ ဖိုက်ရတဲ့ ဇာတ်ကားလေးတစ်ခုပေါ့နော်
ဇာတ်ကားအင်ဖိုတော့ မကြည့်ရသေးလို့ မပြောတော့ဖူး
pCloud ကနေတင်ပေးထားပါတယ်
                                    
                                             Download and Watch From Pcloud                                   

The Secret Life Of Pets ( 2016 Animation )

The Secret Life Of Pets ခွေးတို့ရဲ့ ဘဝလျို့ ဝက်ချက်ဆိုတဲ့ ရုပ်ရှင်နာမည်လေးက နည်းနည်းထူးဆန်းတယ်ဗျ
မိမိအိမ်မှာ မွေးထားတဲ့ မိမိခွေးလေးတွေရဲ့ အမူအကျင့်တချို့ တွေကိုလည်း လေ့လာနိုင်မယ်လို့  ခန့် မှန်းမိပါတယ်
ခုဇာတ်ကားကိုတော့ July 8 လောက်က 3D Animation ဇာတ်ကားအဖြစ် ရုံတင်တွေ့ ရပါတယ်


Wednesday, August 24, 2016

Skiptrace(2016) မြန်မာစာတန်းထိုး


skiptrace-movie-per
Skiptrace-Movie-Poster
2016 ထွက် ဂျက်ကီချန်း ကားအသစ်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Shanghai Noon/Knights ကားတွေနဲ့ အနည်းငယ်တော့ ဆင်တူပါတယ်။
ဂျက်ကီဟာ ရဲအရာရှိတစ်ဦးဖြစ်ပြီး မည်သူမှန်းမသိတဲ့ မြေအောက်လျို့ဝှက် ဒုစရိုက်ခေါင်းဆောင်တစ်ဦးကို ဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ အမည်ဝှက်ကိုတော့ တုံညိုရှီ ( ကျွဲရိုင်းသတ်သမား ) လို့ပဲ သိထားကြပါတယ်။ အဲဒီလို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း အသတ်ခံခဲ့ရပြီး သူငယ်ချင်းရဲ့ သမီးလေး ဆမန်သာ ကို ဆက်စောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့် ဆမန်သာဟာ တုန်ညိုရှိလို့ သံသယရှိသူပိုင်တဲ့ ကာစီနိုရုံမှာ သူလျိုဝင်လုပ်ရင်း အန္တရာယ်နဲ့ကြုံလာသလို၊ အမေရိကန်လူမျိုး ဖဲသမားလူလိမ် ကော်နာဝက်စ်ကလည်း အဲဒီကာစီနိုဝိုင်းမှာ လူသတ်မှုတစ်ခုကို မျက်မြင်သက်သေဖြစ်ပြီး အရေးကြီးတဲ့ တယ်လီဖုန်းနဲ့ အတူ ထွက်ပြေးလာခဲ့ပါတယ်။
အဓိက ဇာတ်လမ်းကတော့ ဘန်နီ(ဂျက်ကီချန်း) ဟာ ဖဲသမားလူလိမ် ကော်နာဝက်စ် ကို မကာအိုကနေ ဟောင်ကောင်ကို အခက်အခဲတွေ ကြားထဲက ခေါ်လာဖို့ ကြိုးစားရင်း လမ်းတစ်လျှောက်ကြုံရတာတွေကို ဟာသတွေ ရယ်စရာတွေ နဲ့ တရုတ်ရိုးရာပွဲတော်အလှတွေ ရောပြီး လှလှပပပြသထားတာပါပဲ။ ဂျက်ကီချန်းရဲ့ လှုပ်ရှားမှုတွေ ကြည့်ရင်း ပြုံးပျော်ဖို့ တဖန်အချိန်ကျလာပြန်ပြီဆိုတော့ အားပေးကြပါဦး။ (Subtitle အတွက် ကို SKL ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်)
ထွက်ရှိထွက်သမျှထဲက အကြည်ဆုံးဖြစ်တဲ့ 720 HDTC ဗားရှင်းနဲ့ တင်ပေးထားပါတယ်။ Blu Rayရရင်လဲ Updateပေးမှာမို့ Blu Ray ရမှ ကြည့်မယ်ဆိုတဲ့လူတွေ စောင့်ကြပါဦး


             Download And watch With Pcloud Link Full HD